မုံရွာမြို့၏ ကွမ်းဈေးကွက်အတွင်း ဆောင်းရာသီ အအေးဒဏ်ကြောင့် ကွမ်းရွက်အထွက်နှုန်း နည်းပါးချိန်တွင် ကွမ်းဈေးနှုန်းများမှာ စံချိန်တင်မြင့်တက်လျက်ရှိကြောင်း သိရသည်။ ဇန်နဝါရီ ၁၈ ရက်ဝန်းကျင်တွင် မုံရွာကွမ်းနုဝါ တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ နှင့် အသေးတစ်ပိဿာလျှင် ကျပ် ၂၀,၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး၊ မကြာသေးမီက ကျပ် ၃၅,၀၀၀ အထိ စံချိန်တင်တက်ခဲ့ဖူးသည်။ လက်ရှိတွင် ရာသီဥတုအေးသဖြင့် အရွက်ထွက်နှေးခြင်း၊ အရွက်သေးခြင်းတို့အပြင် လှေးပိုးနှင့် စုပ်စားပိုးများကြောင့် ကွမ်းရွက်များ တွန့်လိပ်ပျက်စီးမှုရှိနေသဖြင့် အရည်အသွေးကောင်းသည့် ကွမ်းရွက်များရရှိရန် ခက်ခဲနေပြီး ဈေးကောင်းရရန်လည်း စိန်ခေါ်မှုများရှိနေကြောင်း ဒေသခံကွမ်းခြံပိုင်ရှင်များနှင့် ပွဲရုံများထံမှ သိရှိရပါသည်။
| 24 | 0 | 0 | 0 |


