စပိန်နိုင်ငံတောင်ပိုင်းတွင် တနင်္ဂနွေနေ့ညနေပိုင်းက မာလာဂါမှ မာဒရစ်သို့ မောင်းနှင်လာသော မြန်နှုန်းမြင့်ရထားတစ်စင်း လမ်းချော်ရာမှ တစ်ဖက်လမ်းရှိ အခြားရထားတစ်စင်းနှင့် တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ ၂၁ ဦး သေဆုံးကာ ၃၀ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါမတော်တဆမှုသည် အာဒါမုဇ်မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားနှစ်စင်းစလုံး လမ်းချော်တိမ်းမှောက်ခဲ့ကာ ဒဏ်ရာရသူများစွာမှာ ရထားအတွင်း ပိတ်မိနေခဲ့သဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက သွားရောက်ကူညီခဲ့ရသည်။ ဝန်ကြီးချုပ် ပေဒရို ဆန်ရှေးက ဤဖြစ်ရပ်သည် တိုင်းပြည်အတွက် အလွန်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော ညတစ်ညဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရထားလမ်းအာဏာပိုင်များက မတော်တဆမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း ဖော်ပြထားပါသည်။
စပိန်နိုင်ငံ၌ မြန်နှုန်းမြင့်ရထားနှစ်စင်း တိုက်မိမှုဖြစ်ပွားပြီး လူ ၂၁ ဦး သေဆုံးကာ ၃၀ ဦး ပြင်းထန်စွာဒဏ်ရာရ
Jan 19 • 6:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


