ကချင်ပြည်နယ်ရှိ ကျောင်းသား/သူများ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားပြီး တစ်နိုင်ငံလုံးအဆင့် (၁) ရရှိစေရန် ရည်ရွယ်သည့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက်က မြစ်ကြီးနားမြို့၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများနှင့် အခြေခံပညာဆရာ/ဆရာမများ တိုက်ရိုက်တွေ့ဆုံကာ သင်ကြားမှုနည်းစနစ်များနှင့် အမှတ်ပေးစည်းမျဉ်းများအကြောင်း နှီးနှောဖလှယ်ခဲ့ကြသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဂုဏ်ဆောင်မည့် လူငယ်များဖြစ်အောင် ဝိုင်းဝန်းမွေးထုတ်ပေးရန် တိုက်တွန်းခဲ့ပြီး ဆွေးနွေးပွဲအတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀ ပေးအပ်ကာ အခြေခံပညာနှင့် အဆင့်မြင့်ပညာကဏ္ဍတို့ ပူးပေါင်း၍ ပညာရေးအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကချင်ပြည်နယ်မှ တစ်နိုင်ငံလုံးအဆင့် (၁) ရရှိရေးအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲကျင်းပ
Jan 19 • 4:53 AM
မြန်မာ
ကချင်
မျှဝေမည်
| 14 | 0 | 0 | 0 |


