back

Work Visa နှင့် Work Permit မရှိသော OWIC ကိုင်ဆောင်ထားသူများ နိုင်ငံကူးလက်မှတ်အား PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ရန် အသိပေး

Jan 19 • 4:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

Work Visa နှင့် Work Permit မရှိသော OWIC ကိုင်ဆောင်ထားသူများ နိုင်ငံကူးလက်မှတ်အား PV အမျိုးအစားသို့ ပြောင်းလဲကိုင်ဆောင်ရန် အသိပေး

အလုပ်လုပ်ကိုင်ခွင့် ဗီဇာ (Work Visa) သို့မဟုတ် Work Permit မရှိဘဲ ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC) နှင့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူများအနေ...

အလုပ်လုပ်ကိုင်ခွင့် ဗီဇာ (Work Visa) သို့မဟုတ် Work Permit မရှိဘဲ ပြည်ပအလုပ်သမားသက်သေခံကတ် (OWIC) နှင့် အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (PJ) ကိုင်ဆောင်ထားသူများအနေဖြင့် ပြည်ပသို့ အလည်အပတ်၊ ဘုရားဖူး သို့မဟုတ် ဆေးကုသရန် သွားရောက်မည်ဆိုပါက နိုင်ငံကူးလက်မှတ်ကို အလည်အပတ်အမျိုးအစား (PV) သို့ ပြောင်းလဲကိုင်ဆောင်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားထားသည်။ ထို့အပြင် PJ နှင့် CI ကိုင်ဆောင်ထားသူများ ပြည်ပမှ ပြန်လည်ဝင်ရောက်လာပါက လေဆိပ်ရှိ ဆိုက်ရောက်ကောင်တာ (Arrival Counter) တွင် မဖြစ်မနေ သတင်းပေးပို့ရမည်ဖြစ်ပြီး၊ ထိုသို့ သတင်းပေးပို့ခဲ့သူများကိုသာ နောက်တစ်ကြိမ် ပြန်လည်ထွက်ခွာခွင့်ပြုမည်ဖြစ်သည်။ လက်ရှိတွင် PJ နှင့် OWIC ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွာရာ၌ အလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ရှိမှသာ ထွက်ခွာခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

33