back

နေပြည်တော်စည်ပင်မှ သတ်မှတ်စည်းကမ်းအတိုင်းမရောင်းသော စားသောက်ဆိုင်များအရေးယူရန် ပြင်ဆင်နေဟုဆို

Jan 19 • 4:36 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်စည်ပင်မှ သတ်မှတ်စည်းကမ်းအတိုင်းမရောင်းသော စားသောက်ဆိုင်များအရေးယူရန် ပြင်ဆင်နေဟုဆို

နေပြည်တော်ဒေသအတွင်း ရောင်းချနေသော စားသောက်ဖွယ်ရာရောင်းချနေသည့်ဆိုင်များကို ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီ ရောင်းချမှုမပြုပါက စည်ပင်ဥပဒေအရ အရေးယူရန် နေပြည်တော်စ...

နေပြည်တော်ဒေသအတွင်း ရောင်းချနေသော စားသောက်ဖွယ်ရာရောင်းချနေသည့်ဆိုင်များကို ထုတ်ပြန်ထားသော စည်းကမ်းနှင့်အညီ ရောင်းချမှုမပြုပါက စည်ပင်ဥပဒေအရ အရေးယူရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ပြင်ဆင်နေကြောင်း သိရသည်။စားသောက်ဆိုင်လုပ်ငန်း လိုင်စင်အသစ်နှင့် သက်တမ်းတိုးလျောက်ထားခြင်းတို့အတွက် ကျန်းမာရေးစစ်ဆေးချက် လက်မှတ်ကို နှစ်စဉ်ယူရရန်လည်း သတ်မှတ်ထားပြီး အခါအားလျော်စွာထုတ်ပြန်သည့် အမိန့်စည်းကမ်းညွန်ကြားချက်များကို လိုက်နာရန် အသိပေးထားလျက်ရှိသည်။ ထိုကဲ့သို့သော စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာသည့်ဆိုင်များအနေဖြင့် နေပြည်တော်စည်ပင်သာယာရေး ဥပဒေပုဒ်မ ၂၆ အရ ထိရောက်စွာအရေးယူသွားရန်လည်း ပြင်ဆင်ထားကြောင်းသိရသည်။

news-view-count-icon

25