၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဒီဇင်ဘာလအထိ (၉) လတာကာလအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် (၂) သန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၆၇၄) သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည် ။ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာ ဧပြီလတွင် (၁၄၂,၇၈၈) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၅၂) သန်း၊ မေလတွင် (၂၅၉,၅၀၁) တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၉၁) သ န်း၊ ဇွန်လတွင် (၂၁၂,၄၁၆) တန် တင်ပို့ခဲ့ပြီး အမေရိကန် ဒေါ် လာ (၇၁) သန်း၊ ဇူလိုင်လ၌ (၂၃၀,၆၇၂)တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၇၇) သန်း ရရှိခဲ့ကြောင်း သိရသည်။၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် (၃) သန်းခန့် တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 19 • 4:35 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


