back

ရန်ကုန်၊ယုဇနပလာဇာ အနီးမီးလောင်မှု Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရ

Jan 19 • 4:35 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်၊ယုဇနပလာဇာ အနီးမီးလောင်မှု Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရ

ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှ...

ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီ ၃၀ မိနစ်လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုက ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပါတယ်။ လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေတဲ့အတွက် ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။ " မီးကအထဲမှာ လှိိုက်လောင်တော့ ငြိမ်းသတ်နေရဆဲပါ။ မီးသတ်ကားတွေလည်း များပါတယ်။ယုဇနပလာဇာဘေး နှင်းဆီလမ်းထဲက တိုက်ခန်းမှာ လောင်တာပါ ။ " လို့ မီးလောင်ပြင်မှာ ကူညီရေးလုပ်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၁၁ နာရီ ၄၂ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။ မီးလောင်မှုအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ မီးလောင်ရတဲ့ ဖြစ်စဥ်ကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး ။

news-view-count-icon

60