မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ မြို့မအရှေ့ကျောင်းတိုက်၌ (၃၉)ကြိမ်မြောက် အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ် သံဃနာယကအဖွဲ့ဝင် ရှုံးရှီကျေးရွာ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာမိထံမှ ငါးပါးသီလကို ခံယူ ဆောက်တည်ကြကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ အမှူးပြုသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံသို့ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွား(၄၆)ဦးတို့အား ဧည့်ပရိသတ် အပေါင်းမှ ပူဇော်ကန်တော့ကြကာ အဘိုးတစ်ဦးနှင့်အဘွားတစ်ဦးတို့က ဆုပေးစကားများပြောကြားခဲ့ပြီး မြို့မတောင်ကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဝန္တနှင့် မြို့မအရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သုဇနတို့မှ အဘိုးအဘွား(၄၆)ဦးအတွက် ဆုမဲများနှိုက်၍ လှူဖွယ်ပစ္စည်းများကို မဲဖောက်ပေးခဲ့သည်။
Jan 19 • 3:56 AM
မြန်မာ
မကွေး
မျှဝေမည်
| 18 | 0 | 0 | 0 |


