back

ပြည်ပပို့ကုန်ပဲတွေ စျေးနှုန်းအတက်ဘက် ရောက်လာတဲ့အတွက် ပြည်တွင်းစျေးကွက်မှာလည်း အရောင်းအဝယ် သွက်နေ

Jan 19 • 3:55 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပပို့ကုန်ပဲတွေ စျေးနှုန်းအတက်ဘက် ရောက်လာတဲ့အတွက် ပြည်တွင်းစျေးကွက်မှာလည်း အရောင်းအဝယ် သွက်နေ

ပြည်တွင်းမှ ပြည်ပပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရတဲ့ ရာခိုင်နှုန်းကို ဖြေလျှော့ ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ပို့ကုန်ပဲ စျေးကွက် ဆက်တိုက်မြင့်တက်လာတယ်လို့ သိရ...

ပြည်တွင်းမှ ပြည်ပပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရတဲ့ ရာခိုင်နှုန်းကို ဖြေလျှော့ ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ပို့ကုန်ပဲ စျေးကွက် ဆက်တိုက်မြင့်တက်လာတယ်လို့ သိရပါတယ်။ ပို့ကုန်ရငွေအပေါ် ဖြေလျှော့မှုနဲ့ အတူ ပြည်ပဝယ်လိုအားလည်း ရှိနေတဲ့အတွက် စျေးနူန်း အတက်ဘက်ပြန်ရောက်လာတာ ဖြစ်ပါတယ်။ ပို့ကုန်ပဲတွေ စျေးနှုန်းအတက်ဘက် ရောက်လာတဲ့အတွက် ပြည်တွင်းစျေးကွက်မှာလည်း အရောင်း အဝယ် သွက်နေတယ်လို့ သိရပါတယ်။ ပို့ကုန်ပဲတွေထဲက မတ်ပဲကလည်း အတက်စျေးမှာဘဲ ရှိနေပြီး ပဲစင်းငုံနဲ့ မြေပဲ၊ နှမ်းက စျေးတန်း ထပ်တက်လာပါတယ်။ ပြောင်းက အကျစျေးမှာ ငြိမ်နေဆဲ ဖြစ်ပါတယ်။

news-view-count-icon

35