back

ကမ္ဘောဒီးယားရှိ ကျားဖျန့်လုပ်ငန်းများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်လာနိုင်ကြောင်း တရုတ်သံရုံး သတိပေး

Jan 19 • 3:48 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားရှိ ကျားဖျန့်လုပ်ငန်းများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်လာနိုင်ကြောင်း တရုတ်သံရုံး သတိပေး

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ကျားဖျန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေကြောင့် တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနေတယ်လို့ ပြီးခဲ့တဲ့...

ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ ကျားဖျန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေကြောင့် တရုတ်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကမ္ဘောဒီးယားအခြေစိုက် တရုတ်သံရုံးက ထုတ်ပြန်ချက်တစ်ခု ထွက်လာပါတယ်။ အဲဒါကတော့ ကမ္ဘောဒီးယားမှာရှိတဲ့ ကျားဖျန့်ခြံဝင်းတွေအတွင်း တရုတ်နိုင်ငံသားတွေ ခဏခဏ ပျောက်ဆုံးနေတာဟာ နှစ်နိုင်ငံကြားက ခိုင်မာတဲ့ ဆက်ဆက်ရေးအတွက် ကြီးမားတဲ့ အဟန့်အတားတစ်ခု ဖြစ်နေပြီလို့ တရားဝင် သတိပေးလိုက်တာပါ။တရုတ်သံအမတ်ကြီး ဝမ်ဝင်ပင်းဟာ ကမ္ဘောဒီးယား ထိပ်သီးဝန်ကြီးတွေနဲ့ တွေ့ဆုံတုန်းကလည်း ဒီကျားဖျန့်လုပ်ငန်းတွေကို အခုထက်ပိုပြီး ပြတ်ပြတ်သားသား နှိမ်နင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသားတွေ အစအနမရှိ ပျောက်ဆုံးကုန်တာဟာ တရုတ်အစိုးရအတွက် တကယ့်ကို စိုးရိမ်စရာဖြစ်နေပြီး ဒါဟာ နှစ်နိုင်ငံကြားက ရိုးရာမပျက် ခင်မင်ရင်းနှီးမှုကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။

news-view-count-icon

17