မတ်လအတွင်း ကျင်းပရန်ရှိသော လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ နေထိုင်နိုင်ရန်အတွက် စည်ပင်ဧည့်ရိပ်သာ (၂) ရှိ အဆောင်များတွင် လိုအပ်သည့် ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါရိပ်သာသည် ယခင် ၂၀၁၅-၂၀၂၀ ကာလများကလည်း လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်ခဲ့သည့်နေရာဖြစ်ပြီး၊ လက်ရှိတွင် ကိုယ်စားလှယ်များ၏ နေရေးထိုင်ရေးအတွက် ကြိုတင်လျာထားခြင်းဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် လွှတ်တော်အဆောက်အအုံများကိုလည်း အစည်းအဝေးများ မစတင်မီ အပြီးသတ်ပြင်ဆင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။



