ထိုင်းနိုင်ငံ၊ ဆောင်ခလာပြည်နယ်၊ စဒေါခရိုင်ရှိ ရထားလမ်းကူးတစ်ခုတွင် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ရထားနှင့် ပစ်ကပ်ကားတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ CCTV မှတ်တမ်းများအရ အဆိုပါပစ်ကပ်ကားမှာ ရထားလမ်းကူးပေါ်၌ ရပ်တန့်နေစဉ် အရှိန်ဖြင့်မောင်းနှင်လာသော ရထားက ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ကားမှာ မီတာ ၁၀၀ ကျော်အကွာသို့ လွင့်စင်သွားခဲ့သည်။ ထိုင်းနိုင်ငံအတွင်း ဇန်နဝါရီလအတွင်း၌ပင် ရထားပေါ်သို့ ကရိန်းပြုတ်ကျမှု၊ လမ်းတံတားလုပ်ငန်းခွင်မှ ကရိန်းပြိုကျမှုနှင့် မြန်မာလုပ်သားများတင်ဆောင်လာသော ဘတ်စ်ကားတိမ်းမှောက်မှု အစရှိသည့် လူသေဆုံးမှုများပြားသော မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရပါသည်။
Jan 19 • 3:19 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


