back

ထိုင်းတွင် CI စာအုပ်ဖြင့် SIM ကတ်ပြန်ဝယ်နိုင်

Jan 19 • 3:10 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် CI စာအုပ်ဖြင့် SIM ကတ်ပြန်ဝယ်နိုင်

ထိုင်းနိုင်ငံ အမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) သည် နိုင်ငံခြားသားများ SIM ကတ် မှတ်ပုံတင်ရာတွင် ယခင်က ပတ်စပို့ (Passport) တစ်မျိုးတည...

ထိုင်းနိုင်ငံ အမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) သည် နိုင်ငံခြားသားများ SIM ကတ် မှတ်ပုံတင်ရာတွင် ယခင်က ပတ်စပို့ (Passport) တစ်မျိုးတည်းကိုသာ လက်ခံခဲ့ရာမှ ယခုအခါ မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) အား အသုံးပြုခွင့်ပေးရန် အတည်ပြုလိုက်ကြောင်း သိရသည်။ ဤလမ်းညွှန်ချက်အသစ်အရ မြန်မာနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့အစိုးရမှ ထုတ်ပေးထားသော သက်သေခံအထောက်အထားများဖြင့် ဆက်သွယ်ရေးကွန်ရက်ကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း  သိရပါသည်။

news-view-count-icon

26