ထိုင်းနိုင်ငံ မိုးလေဝသဌာန၏ ဇန်နဝါရီ ၁၉ ရက် ထုတ်ပြန်ချက်အရ ဘန်ကောက်နှင့် အနီးတစ်ဝိုက် အပါအဝင် ပြည်နယ် ၁၂ ခုတွင် မိုးထစ်ချုန်းရွာနိုင်ခြေ ၁၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဘန်ကောက်မြို့တွင် နံနက်ပိုင်း၌ မြူထူထပ်နိုင်ပြီး အပူချိန်မှာ ၂၂ ဒီဂရီစင်တီဂရိတ်မှ ၃၅ ဒီဂရီစင်တီဂရိတ်အတွင်း ရှိနိုင်ပါသည်။ ထို့ပြင် လေထုလှုပ်ရှားမှု အားနည်းခြင်းကြောင့် ဘန်ကောက်နှင့် ထိုင်းနိုင်ငံအထက်ပိုင်းဒေသများတွင် ဖုန်မှုန့်နှင့် မီးခိုးမြူ (PM 2.5) စုဆောင်းမှု များပြားနေသဖြင့် ကျန်းမာရေးဂရုစိုက်ကြရန်နှင့် မြူထူအတွင်း သွားလာရာတွင် သတိပြုကြရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။
Jan 19 • 3:08 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


