ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ အိုင်ထောင့်ကြီး၊ ကေလာ၊ အင်းပေါခုံနှင့် ဟဲယာကျေးရွာတို့မှ မန္တလေးငလျင်ဒဏ်သင့် အိမ်ထောင်စု ၅၉၀ အား မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် တတိယအကြိမ်မြောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဇန်နဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အဆိုပါကျေးရွာများသို့ သွားရောက်ကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 19 • 3:07 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 34 | 0 | 0 | 0 |


