back

ထိုင်းအစိုးရက တရားမဝင်အလုပ်သမားများနှင့် အလုပ်ရှင်များကို ထောင်ဒဏ်၊ ငွေဒဏ်များဖြင့် ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

Jan 19 • 2:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက တရားမဝင်အလုပ်သမားများနှင့် အလုပ်ရှင်များကို ထောင်ဒဏ်၊ ငွေဒဏ်များဖြင့် ပြင်းထန်စွာအရေးယူမည်ဟု သတိပေး

ထိုင်းနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်ဝင်ရောက်လုပ်ကိုင်သူ များပြားလာခြင်းကြောင့် ထိုင်းအစိုးရက နယ်စပ်ဒေသများနှင့် လုပ်ငန်းခွင်များအထိ တင်းကျပ်စွ...

ထိုင်းနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံများမှ တရားမဝင်ဝင်ရောက်လုပ်ကိုင်သူ များပြားလာခြင်းကြောင့် ထိုင်းအစိုးရက နယ်စပ်ဒေသများနှင့် လုပ်ငန်းခွင်များအထိ တင်းကျပ်စွာ စစ်ဆေးအရေးယူသွားရန် ညွှန်ကြားထားပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိသည့် အလုပ်သမားများကို ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေရိုက်ခြင်း၊ နေရပ်ပြန်ပို့ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်ပိတ်ပင်ခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင်အလုပ်သမား ငှားရမ်းသည့် အလုပ်ရှင်များကိုလည်း အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်မည်ဖြစ်ကာ၊ ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂ သိန်းအထိဖြစ်စေ ချမှတ်မည့်အပြင် နိုင်ငံခြားသားအလုပ်သမားငှားရမ်းခွင့် ၃ နှစ်အထိ ပိတ်ပင်သွားမည်ဖြစ်ရာ ဥပဒေကို လိုက်နာကြရန်နှင့် မသင်္ကာဖွယ်ရာများကို ဟော့လိုင်းနံပါတ် ၁၅၀၆ သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

news-view-count-icon

18