ရန်ကုန်စက်မှုတက္ကသိုလ် (RIT) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) တို့မှ ၁၉၆၉ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ပညာသင်ကြားခဲ့ကြသည့် မြို့ပြအင်ဂျင်နီယာကျောင်းသား/သူဟောင်းများ၏ (၁၀) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ဇန်နဝါရီ ၁၈ ရက်က မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ အသက် ၈၀ မှ ၉၁ နှစ်အကြားရှိ ကန်တော့ခံဆရာကြီး၊ ဆရာမကြီး ၃၅ ဦး တက်ရောက်ခဲ့ပြီး၊ မတက်ရောက်နိုင်သူများအပါအဝင် စုစုပေါင်း ဆရာကြီး၊ ဆရာမကြီး ၈၀ ကျော်ကို တစ်ဦးလျှင် အနည်းဆုံး ကျပ် ၈ သိန်းမှ သိန်း ၂၀ အထိ ပူဇော်ကန်တော့ခဲ့ကြသည်။ ယခုပွဲတော်ကို ၂၀၀၄ ခုနှစ်မှစတင်ကာ ၂ နှစ်တစ်ကြိမ် ကျင်းပခဲ့သော်လည်း ယခု (၁၀) ကြိမ်မြောက် ပူဇော်ပွဲကိုမူ ၆ နှစ်အကြာမှသာ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ရန်ကုန်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာကျောင်းသားဟောင်းများ၏ (၁၀) ကြိမ်မြောက် အာစရိယပူဇော်ပွဲကျင်းပ
Jan 19 • 2:49 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 34 | 0 | 0 | 0 |


