မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရွှေဘိုရွာသစ်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးလုပ်ငန်းစီမံကိန်း( Smart Village )ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဇန်နဝါရီ ၁၆ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ကျေးရွာသူ ၊ ကျေးရွာသားများကိုယ်တိုင် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးကပြောသည်။
Jan 19 • 2:46 AM
မြန်မာ
မကွေး
မျှဝေမည်
| 28 | 0 | 0 | 0 |


