back

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ (၁၁) နှစ်ပြည့် "နေ့သစ်ရည်ညွှန်း" စာကြည့်တိုက်ကို ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေ ကြည့်ရှုအားပေး

Jan 19 • 3:00 AM

breaking-news

မြန်မာ

ကချင်

cover

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ (၁၁) နှစ်ပြည့် "နေ့သစ်ရည်ညွှန်း" စာကြည့်တိုက်ကို ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေ ကြည့်ရှုအားပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေသည် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းက ဖွင့်လှစ်ထားသည့် "နေ့သစ်ရည်ညွှန်း" စာကြည့်တိုက်သို့...

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးညွှန့်ရွှေသည် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းက ဖွင့်လှစ်ထားသည့် "နေ့သစ်ရည်ညွှန်း" စာကြည့်တိုက်သို့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့ရာ စာကြည့်တိုက်နာယက ဦးစိုးစိုး(သုတစိုး)နေ့သစ်က လူငယ်များ ဉာဏ်ပညာဗဟုသုတ တိုးတက်စေရန် ရသစုံလင်စွာ ခင်းကျင်းပြသထားမှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၁၅ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ (၁၁) နှစ်တိုင်ခဲ့ပြီဖြစ်သော အဆိုပါစာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်ပေါင်း ၁၀,၀၀၀ ကျော်ရှိကာ မိဘပြည်သူများနှင့် ကျောင်းသားလူငယ်များအနေဖြင့် အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

19