back

ယမန်နှစ်၌ မြန်မာနိုင်ငံမှ EPS စနစ်ဖြင့် ကိုရီးယားသို့လုပ်သား ၁,၁၀၀ ကျော် စေလွှတ်

Jan 19 • 2:44 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

ယမန်နှစ်၌ မြန်မာနိုင်ငံမှ EPS စနစ်ဖြင့် ကိုရီးယားသို့လုပ်သား ၁,၁၀၀ ကျော် စေလွှတ်

၂၀၂၅ ခုနှစ်တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား၁,၁၀၀ ကျော် စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိ...

၂၀၂၅ ခုနှစ်တွင် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ EPS စနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ အလုပ်သမား၁,၁၀၀ ကျော် စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လုပ်သား ၁၁၆၀ ကို စေလွှတ်ထားပြီး ထိုကဲ့သို့ စေလွှတ်ရာတွင်ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အဓိကထား စေလွှတ်လျက်ရှိကြောင်း သိရသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် အမှတ်ပေးစနစ်ဖြင့် နိုင်ငံခြားသား အလုပ်သမားများ ခန့်ထားမှုစနစ် (Point System for Recruitment of Foreign Worker)ကို မြန်မာနိုင်ငံ၌ ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

15