back

ခွင့်ပြုချက်မရှိဘဲ တရားမဝင် လျှပ်စစ်ဓါတ်အားရယူသုံးစွဲပါက လျော်ကြေးငွေတောင်းခံမည်

Jan 19 • 2:44 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ခွင့်ပြုချက်မရှိဘဲ တရားမဝင် လျှပ်စစ်ဓါတ်အားရယူသုံးစွဲပါက လျော်ကြေးငွေတောင်းခံမည်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သည် ဓာတ်အားသုံးစွဲသူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဓာတ်အားရယူခြင်း၊ မီတာများကို ပြုပြင်ခြင်းနှင့် မ...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) သည် ဓာတ်အားသုံးစွဲသူများအနေဖြင့် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဓာတ်အားရယူခြင်း၊ မီတာများကို ပြုပြင်ခြင်းနှင့် မှတ်ပုံတင်ထားခြင်းမရှိသော မီတာများ အသုံးပြုခြင်းတို့ကို လုံးဝမပြုလုပ်ရန် အသိပေးထုတ်ပြန်လိုက်သည်။ တရားမဝင် ဓာတ်အားသုံးစွဲမှု စစ်ဆေးတွေ့ရှိပါက လျော်ကြေးနှင့် ဒဏ်ကြေးများ တောင်းခံမည့်အပြင်၊ ကျူးလွန်သည့်အမျိုးအစားအလိုက် အနည်းဆုံး ဒဏ်ငွေ တစ်သိန်းကျပ်မှ အမြင့်ဆုံး ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သတိပေးထားသည်။ ထို့ပြင် တရားစွဲဆိုခြင်းမခံလိုပါက ဒဏ်ကြေးငွေ သုံးသိန်းကျပ် ပေးသွင်းရမည်ဖြစ်ပြီး၊ ဓာတ်အားခ ကြွေးကျန်နှင့် လျော်ကြေးများကို မြေခွန်မပြေကျန်ငွေကဲ့သို့ သတ်မှတ်ကာ တောင်းခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24