back

ပရိသတ်များ၏ လှောင်ပြောင်မှုများကြား ရီးရဲလ်မက်ဒရစ် လာလီဂါနိုင်ပွဲရရှိ

Jan 19 • 2:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပရိသတ်များ၏ လှောင်ပြောင်မှုများကြား ရီးရဲလ်မက်ဒရစ် လာလီဂါနိုင်ပွဲရရှိ

ဇန်နဝါရီ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က လီဗန်တေးကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်မှာ ပွဲ...

ဇန်နဝါရီ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က လီဗန်တေးကို အိမ်ကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်မှာ ပွဲချိန်ပထမပိုင်းကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပြီး ကစားသမားများနှင့် အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်အား ပရိသတ်များက ဆန္ဒပြခဲ့ကြသည်။အထူးသဖြင့် ဗင်နီစီယက်စ်ဂျူနီယာ အပါအဝင် ရီးရဲလ်မက်ဒရစ် ကစားသမားများ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်တွင် လှောင်ပြောင်သံများနှင့် ဝီစီမှုတ်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ကာ ပွဲစတင်ချိန်တွင်လည်း ဗင်နီစီယက်စ် ဘောလုံးထိသည့်အကြိမ်တိုင်းတွင် ပရိသတ်များက လှောင်ပြောင်အော်ဟစ်ခဲ့သည်။ဒုတိယပိုင်းတွင် ကီလီယန် အမ်ဘာပေက ၎င်းကြောင့်ရရှိခဲ့သည့် ပင်နယ်တီကို ကိုယ်တိုင်ကန်သွင်း၍ အဖွင့်ဂိုးသွင်းယူခဲ့ပြီးနောက်မှသာ ပရိသတ်များ၏ မကျေနပ်ချက်များ ပြေလျော့သွားခဲ့သည်။ ထို့နောက် ရာအူးလ် အဆန်စီယိုက ထောင့်ကန်ဘောမှတစ်ဆင့် အပြင်းခေါင်းတိုက်ကာ အနိုင်သေချာစေမည့်ဂိုးကို ထပ်မံသွင်းယူခဲ့သည်။

news-view-count-icon

23