back

ဖဒိုမြို့တွင် (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

Jan 19 • 2:42 AM

breaking-news

မြန်မာ

ပဲခူး

cover

ဖဒိုမြို့တွင် (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၌ (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ဘိုးပိုက်ဆံ (၃) ရပ်ကွက်ရှ...

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၌ (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ဘိုးပိုက်ဆံ (၃) ရပ်ကွက်ရှိ အားကစားကွင်း၌ ရိုးရာဓလေ့များနှင့်အညီ ကျင်းပခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က မင်္ဂလာဖားစည်တီးခတ်၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့ပြီး နှစ်သစ်ကူးသဝဏ်လွှာဖတ်ကြားခြင်း၊ အလံလွှင့်တင်ခြင်း၊ သက်ကြီးပူဇော်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း အကျဉ်းရုံးသာ ကျင်းပခဲ့ရသော်လည်း ယခုနှစ်တွင်မှ ကရင်ရိုးရာဒုံးယိမ်းအကများ၊ ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

30