back

ထိုင်းနိုင်ငံတွင် ကျောက်ပြားပိ၍ သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရန် အလုပ်သမားသံရုံး ညှိနှိုင်းဆောင်ရွက်နေ

Jan 19 • 2:45 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ကျောက်ပြားပိ၍ သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရန် အလုပ်သမားသံရုံး ညှိနှိုင်းဆောင်ရွက်နေ

ထိုင်းနိုင်ငံ၊ လတ်ကရဘန်းမြို့နယ်ရှိ ကျောက်ပြားဆိုင်တစ်ခုတွင် ကျောက်ပြားများပိ၍ သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ရသင့်ရထိုက်သော နစ်နာကြေးနှင့် အကျိုးခံစားခွင့်မျ...

ထိုင်းနိုင်ငံ၊ လတ်ကရဘန်းမြို့နယ်ရှိ ကျောက်ပြားဆိုင်တစ်ခုတွင် ကျောက်ပြားများပိ၍ သေဆုံးခဲ့သည့် မြန်မာလုပ်သားအတွက် ရသင့်ရထိုက်သော နစ်နာကြေးနှင့် အကျိုးခံစားခွင့်များ ရရှိနိုင်ရေး မြန်မာအလုပ်သမားသံအရာရှိရုံးက ဇန်နဝါရီ ၁၇ ရက်တွင် စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။ သံမှူးနှင့် သံအရာရှိတို့သည် ထိုင်းအလုပ်သမားဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးမှုအတွက် ဥပဒေနှင့်အညီ နစ်နာကြေးရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုကြောင့် နစ်နာကြေးပေးအပ်နိုင်ရန် ဆောင်ရွက်ခဲ့သည့် မြန်မာလုပ်သား ၅ ဦးခန့်အထိ ရှိပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

news-view-count-icon

16