ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ကျင်းပမည့် အပိုင်း (၃) ရွေးကောက်ပွဲအတွက် တိုင်းရင်းသားများအပါအဝင် မဲဆန္ဒရှင် ၁၁၆,၃၀၄ ဦးရှိပြီး မဲရုံပေါင်း ၉၆ ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းသည် ဇန်နဝါရီ ၁၇ ရက်က တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြည်သူများ သွားလာရလွယ်ကူသည့်နေရာများ၌ မဲရုံဖွင့်လှစ်ရန်နှင့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများအတွက် အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရေး အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ လက်ရှိတွင် မဲရုံမှူး၊ အဖွဲ့ဝင်များ ဖွဲ့စည်းထားရှိမှုနှင့်အတူ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်းစသည့် မြေပြင်ပြင်ဆင်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ဒဂုံအရှေ့ပိုင်း၌ မဲဆန္ဒရှင် ၁ သိန်းကျော်အတွက် မဲရုံ ၉၆ ရုံ ဖွင့်လှစ်မည်ဖြစ်ပြီး သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် ကြိုတင်မဲပေးနိုင်ရန် စီစဉ်
Jan 19 • 2:41 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 19 | 0 | 0 | 0 |


