အဆင့်မြှင့်တင် ပြင်ဆင်တည်ဆောက်ပြီးသည့် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ ပန်ဒါဝက်ဝံကမ္ဘာဥယျာဉ်သည် သစ်လွင်သောအသွင်ဖြင့် ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့မှ ခရီးဝေးနှင်လာရောက်သော ပန်ဒါဝက်ဝံ ၅ ကောင်သည် ရက်ပေါင်း ၂၀ ကြာ လိုက်လျောညီထွေအောင် နေထိုင်ပြီးနောက် အများပြည်သူနှင့် တရားဝင်စတင်တွေ့ဆုံမှု လုပ်ဆောင်ခဲ့သည်။ဟိုင်ရှာ (ဖူကျိုး) ပန်ဒါဝက်ဝံ သုတေသန ဖလှယ်ရေးစင်တာသည် ဖူကျိုး ပန်ဒါဝက်ဝံကမ္ဘာ၏ နည်းပညာပံ့ပိုးမှု ဌာနဖြစ်ပြီး ပန်ဒါဝက်ဝံ ကာကွယ်စောင့်ရှောက်ရေး၊ သိပ္ပံသုတေသနနှင့် အသိပညာပေးသင်ကြားမှုတို့ကို အဓိကထားလုပ်ဆောင်ကာ ၁၉၉၀ ပြည့်နှစ် ပေကျင်း အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်လေးဖြစ်သော “ဖန့်ဖန့်” ၏ မူလအသွင် “ပါးစစ်” စသည့် နာမည်ကျော်ပန်ဒါဝက်ဝံများကို ပျိုးထောင်ခဲ့ကြောင်း သိရသည်။
Jan 19 • 2:41 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


