back

မန္တလေး၌ မီနီအိုးဝေစီးသည့် ခရီးသည်များကို ပစ်မှတ်ထားလုယက်လာ

Jan 19 • 2:41 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေး၌ မီနီအိုးဝေစီးသည့် ခရီးသည်များကို ပစ်မှတ်ထားလုယက်လာ

မန္တလေးမြို့တွင် မီနီအိုးဝေသုံးဘီးယာဥ်ငယ်များပေါ် စီးနင်းလိုက်ပါလာသူ ခရီးသည်များကို အဓိကပစ်မှတ်ထား၍ လုယက်မှုများကျူးလွန်ရန် ကြိုးပမ်းလုပ်ဆောင်လာကြကြောင်း ဒေသခံ...


မန္တလေးမြို့တွင် မီနီအိုးဝေသုံးဘီးယာဥ်ငယ်များပေါ် စီးနင်းလိုက်ပါလာသူ ခရီးသည်များကို အဓိကပစ်မှတ်ထား၍ လုယက်မှုများကျူးလွန်ရန် ကြိုးပမ်းလုပ်ဆောင်လာကြကြောင်း ဒေသခံများထံမှ သိရသည်။မီနီအိုးဝေနောက်ခန်းတွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်၏ လက်ကိုင်အိတ်၊ ဖုန်း စသည့် အဖိုး တန်ပစ္စည်းများကို မြို့လယ်ခေါင်လမ်းများပေါ်၌ပင် နေ့ခင်းကြောင်တောင် မော်တော်ဆိုင်ကယ်ဖြင့်လိုက်၍ လုယူထွက်ပြေးမှုများကို ပြုလုပ်လာခြင်းလည်း ဖြစ်သည်။လုယက်မှုကျူးလွန်သူအများစုမှာ ဆယ်ကျော်သက်အရွယ်များဖြစ်ပြီး အမျိုးသမီးငယ်များလည်းတစ်ခါတရံ ပါဝင်လေ့ရှိကြောင်း မန္တလေးမြို့ခံများက ဆိုသည်။ထိုဖြစ်ရပ်များမှာ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန် စသည့် မြို့နယ်များအတွင်း ကြုံလေ့ရှိတတ်ကြောင်း သိရသည်။

news-view-count-icon

16