ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ရေထွက်ကုန်ဈေးနှုန်းများ ကျဆင်းသွားပြီး ကြက်သွန်ဖြူဈေးနှုန်းမှာမူ မြင့်တက်နေသည်။ပြီးခဲ့သည့်သီတင်းပတ် ဇန်နဝါရီ ၁၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူ (ထူး ၅) တစ်ပိဿာလျှင် ၁၀,၀၀၀ ကျပ်သာ ရှိခဲ့ရာမှ ဇန်နဝါရီ ၁၇ ရက်နေ့တွင် တစ်ပိဿာ ၁၁,၀၀၀ ကျပ်သို့ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။ဆီနှင့် အခြားစားဖိုဆောင်သုံးပစ္စည်းအချို့မှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။သို့သော် ထားဝယ်ဒေသထွက်ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အမျိုးအစားအများစုမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးနှုန်းမြင့်တက်လျက်ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။
| 22 | 0 | 0 | 0 |


