back

ပြည်တွင်းရပ်ကွက်အလွှာမြင့်တိုက်များပေါ် သောက်ရေသန့်ပို့၍ဝန်ဆောင်သူ နည်းလာ၍ အလွှာမြင့် နေထိုင်သူများ အခက်တွေ့လာ

Jan 19 • 2:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရပ်ကွက်အလွှာမြင့်တိုက်များပေါ် သောက်ရေသန့်ပို့၍ဝန်ဆောင်သူ နည်းလာ၍ အလွှာမြင့် နေထိုင်သူများ အခက်တွေ့လာ

ပြည်တွင်းရပ်ကွက်အတွင်း အလွှာမြင့်တိုက်များပေါ်သို့ သောက်ရေသန့်ပို့ဆောင်ပေးသူ နည်းပါးလာမှုကြောင့် အလွှာမြင့်နေထိုင်သူများကြားတွင် သောက်ရေပြဿနာများ အခက်တွေ့လာကြော...

ပြည်တွင်းရပ်ကွက်အတွင်း အလွှာမြင့်တိုက်များပေါ်သို့ သောက်ရေသန့်ပို့ဆောင်ပေးသူ နည်းပါးလာမှုကြောင့် အလွှာမြင့်နေထိုင်သူများကြားတွင် သောက်ရေပြဿနာများ အခက်တွေ့လာကြောင်း ရပ်ကွက်များအတွင်း နေထိုင်သူများထံမှ သိရသည်။ ယခုနောက်ပိုင်း သောက်ရေသန့်ဘူးများ ပို့ဆောင်ရာတွင် တိုက်အနိမ့်၊ မြေညီများကိုသာ အဓိကထား၍ ပို့ဆောင်ပေးမှုများလာပြီး အလွှာမြင့်တိုက်များမှ ရေမှာပါက အပေါ်သို့ထမ်း၍ပို့ဆောင်ပေးသူ အင်မတန်ရှားပါးလာကြောင်း၊ အလွှာမြင့်နေထိုင်သူများတွင် ယခုလို သောက်ရေပြဿနာကြုံလာခြင်းကြောင့် ရေသန့်ဘူးကတ်များကို ဝယ်ယူသောက်သုံးနေရသည့်အတွက် ငွေကြေးအားဖြင့်လည်း ကုန်ကျစရိတ်ပိုမိုများပြားသည့် အခြေအနေမျိုးကြုံလာကြောင်း သိရသည်။ရေသန့်ပို့ဆောင်ရေးလုပ်ငန်းများတွင်လည်း ဝန်ထမ်းမမြဲသည့် ပြဿနာများကြောင့် အချိန်မှီပို့ဆောင်ရမည့် ရေသန့်ဘူးအော်ဒါများကို မပို့ဆောင်နိုင်ကြသည့်အတွက် မိတ်ပျက်ရသည့် အခြေ အနေမျိုးများနှင့် ရင်ဆိုင်နေရကြောင်း ရေသန့်ဘူးများဝန်ဆောင်လုပ်ကိုင်သူများထံမှ သိရသည်။

news-view-count-icon

31