back

ထိုင်းအစိုးရက ကျားဖြန့် ဖုန်းတွေကို ပိတ်ပင်နိုင်မယ့် DE-fence App ကို ဖြန့်ချိ

Jan 19 • 2:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရက ကျားဖြန့် ဖုန်းတွေကို ပိတ်ပင်နိုင်မယ့် DE-fence App ကို ဖြန့်ချိ

ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနဟာ Call Center ဂိုဏ်းတွေရဲ့ လိမ်လည်မှုနဲ့ SMS လင့်ခ်အတု အန္တရာယ်တွေကနေ ပြည်သူတွေကို ကာကွယ်ဖို့အ...


ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ် စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း ဝန်ကြီးဌာနဟာ Call Center ဂိုဏ်းတွေရဲ့ လိမ်လည်မှုနဲ့ SMS လင့်ခ်အတု အန္တရာယ်တွေကနေ ပြည်သူတွေကို ကာကွယ်ဖို့အတွက် "DE-fence" မိုဘိုင်းအက်ပ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီအက်ပ်ကို iOS နဲ့ Android နှစ်မျိုးစလုံးမှာ အခမဲ့ ဒေါင်းလုဒ်ရယူနိုင်ပြီး ကြော်ငြာတွေ လုံးဝ ပါဝင်ခြင်း မရှိပါဘူး။DE-fence အက်ပ်ရဲ့ အဓိကလုပ်ဆောင်ချက်ကတော့ အစိုးရနဲ့ ရဲတပ်ဖွဲ့ ဆီက ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ဝင်လာတဲ့ ဖုန်းနံပါတ်တွေကို အန္တရာယ်ရှိ "Blacklist"၊ သံသယဖြစ်ဖွယ် "Greylist" နဲ့ ယုံကြည်စိတ်ချရတဲ့ "Whitelist" ဆိုပြီး အဆင့် ၃ မျိုး ခွဲခြား သတိပေးသွားမှာ ဖြစ်ပါတယ်။ဒါ့အပြင် အွန်လိုင်းကနေ ရဲတိုင်ချက်ဖွင့်နိုင်မယ့် တရားဝင် လင့်ခ်တွေ ပါဝင်တာကြောင့် ဝက်ဘ်ဆိုက်အတု (Phishing) တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ တကယ်လို့ ငွေလိမ်ခံရတဲ့ အခြေအနေမျိုး ကြုံလာရရင်လည်း ဘဏ်အကောင့်တွေကို အမြန်ဆုံး ပိတ်သိမ်းနိုင်ဖို့နဲ့ အကြံဉာဏ်ရယူဖို့အတွက် AOC ၁၄၄၁ (1441) Hotline ကို အက်ပ်ကနေ တစ်ဆင့် ချက်ချင်း ခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။လက်ရှိ ဈေးကွက်မှာ Whoscall က ဦးဆောင်နေပေမယ့် DE-fence ကတော့ အခမဲ့ သုံးနိုင်တာရယ်၊ ထိုင်းဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်ထားတာရယ်ကြောင့် ပိုပြီး အားသာချက် ရှိတယ်လို့ ဆိုပါတယ်။

news-view-count-icon

13