back

ချင်းမိုင်မှာ ဂျပန် ဆာကူရာ ပန်းတွေ ဖူးပွင့်နေပြီဖြစ်

Jan 19 • 2:36 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်မှာ ဂျပန် ဆာကူရာ ပန်းတွေ ဖူးပွင့်နေပြီဖြစ်

ချင်းမိုင် ၊ Fang မြို့နယ်ရှိ Doi Ang Khang မှာ အခုနှစ်ဆောင်းရာသီဟာ အထူးစည်ကားနေပြီး Ang Khang Royal Agricultural Station အတွင်းမှာရှိတဲ့ ဂျပန် ဆာကူရာ ပန်းတွေဟ...

ချင်းမိုင် ၊ Fang မြို့နယ်ရှိ Doi Ang Khang မှာ အခုနှစ်ဆောင်းရာသီဟာ အထူးစည်ကားနေပြီး Ang Khang Royal Agricultural Station အတွင်းမှာရှိတဲ့ ဂျပန် ဆာကူရာ ပန်းတွေဟာ ရာသီဥတုအေးတာကြောင့် အပြည့်အဝ ပွင့်လန်း နေပါတယ်။ တောက်ပတဲ့ ပန်းရောင်ဖျော့ဖျော့ ပန်းပွင့်တွေဟာ နေရာအနှံ့မှာ ရှိနေပြီး နိုင်ငံအနှံ့က ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ အဓိက နေရာတစ်ခု ဖြစ်လာပါတယ်။ဒီနေရာဟာ ထိုင်းနိုင်ငံမှာ စစ်မှန်တဲ့ ဂျပန် ဆာကူရာပန်းတွေကို လက်တွေ့မြင်တွေ့နိုင်တဲ့ တစ်ခုတည်းသော နေရာလို့ သတ်မှတ်ထားကြပါတယ်။ ဒီ ဆာကူရာပန်းတွေဟာ Royal Project Foundation ရဲ့ သုတေသနရလဒ်တွေဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဂျပန်နိုင်ငံက ပျိုးပင်တွေကို ယူဆောင်လာကာ စမ်းသပ်စိုက်ပျိုးခဲ့တာဖြစ်သလို နောက်ပိုင်း ၂၀၀၈ ခုနှစ်မှာ ထိုင်ဝမ်က မျိုးတွေနဲ့ တိုးချဲ့စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။လက်ရှိအချိန်မှာ ဂျပန် ဆာကူရာနဲ့ ထိုင်ဝမ် ဆာကူရာ မျိုးစိတ်တွေ အပါအဝင် စုစုပေါင်း အပင်ရေ ၅,၀၀၀ ကျော်ရှိပြီး Ang Khang Clubhouse အဆောက်အအုံရှေ့က 80 Garden ၊ English Rose Garden ဘေးနဲ့ ဟင်းသီးဟင်းရွက်မျိုးစေ့ထိန်းသိမ်းရေး ဖန်လုံအိမ်တွေအနီးက ထွက်ပေါက်လမ်းတစ်လျှောက်မှာ ပျံ့နှံ့ပေါက်ရောက်နေပါတယ်။

news-view-count-icon

20