၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က Mothership သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းအရ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၄၂ နှစ်အရွယ် မြန်မာနိုင်ငံသူ ဇော်ဇော်မင်း (Zaw Zaw Min) ဆိုသူဟာ သူမရဲ့ အလုပ်ရှင် အသက် ၇၅ နှစ်အရွယ် အဖိုးအိုဆီကနေ စုစုပေါင်း စင်ကာပူဒေါ်လာ ၈၆,၀၀၀ ကျော်နဲ့ ရွှေထည်ပစ္စည်းတွေကို ခိုးယူခဲ့တဲ့အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ၈ လ ချမှတ်ခြင်း ခံလိုက်ရပါတယ်။ ဒီအမျိုးသမီးဟာ သူမရဲ့ လောင်းကစားစွဲလမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငွေကြေးလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် အလုပ်ရှင်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ပြီး အခုလို ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။တရားခွင်မှာတော့ သူမဟာ လောင်းကစားစွဲလမ်းမှုကို မထိန်းချုပ်နိုင်တာကြောင့် အခုလို ကျူးလွန်ခဲ့တာဖြစ်ပြီး ခိုးယူထားတဲ့ ငွေအချို့ကိုလည်း မြန်မာနိုင်ငံက မိသားစုဆီ ပို့ပေးခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ နစ်နာသူ အဖိုးအိုကတော့ သူမကို တစ်လလစာ ဒေါ်လာ ၇၀၀ ဝန်းကျင် ပေးထားတဲ့အပြင် ယခင်ကလည်း ငွေလိုတယ်ဆိုလို့ ဒေါ်လာ ၁၀,၀၀၀ တောင် ကြိုတင်ထုတ်ပေးခဲ့ဖူးတဲ့အထိ ကြင်နာခဲ့သူ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူမဟာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်ထိုက်တန်တဲ့ ပြစ်ဒဏ်ကို စင်ကာပူအကျဉ်းထောင်မှာ ကျခံနေရပြီ ဖြစ်ပါတယ်။
စင်ကာပူတွင် လောင်းကစားစွဲလမ်းမှုကြောင့် အိမ်ရှင်အဖိုးအိုရဲ့ ငွေနှင့်ရွှေထည် များစွာကို ခိုးယူခဲ့တဲ့ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦး ထောင်ဒဏ်ချမှတ်ခံရ
Jan 19 • 2:35 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


