back

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (၆)နှစ်ပြည့်နှင့် နှစ်သစ်ကူးအကြိုပွဲတော် ရန်ကုန်၌ကျင်းပ

Jan 19 • 2:39 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း (၆)နှစ်ပြည့်နှင့် နှစ်သစ်ကူးအကြိုပွဲတော် ရန်ကုန်၌ကျင်းပ

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နှင့် ရိုးရာနှစ်သစ်ကူးအကြိုပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ရှိ The ERAVA...

ကိုးကန့်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း တည်ထောင်ခြင်း (၆)နှစ်ပြည့်အထိမ်းအမှတ်နှင့် ရိုးရာနှစ်သစ်ကူးအကြိုပွဲတော်ကို ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ရှိ The ERAVATI Sule Grand Yangon ၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အဖွင့်အမှာစကားများ ပြောကြားခြင်း၊ ကိုးကန့်ရိုးရာအကနှင့် တယောထိုးဖျော်ဖြေမှုများ တင်ဆက်ခြင်းတို့အပြင် အသင်းရန်ပုံငွေအတွက် ပစ္စည်းများ လေလံတင်ရောင်းချခြင်း၊ လုပ်ငန်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးခြင်းနှင့် ကံစမ်းမဲအစီအစဉ်များကို စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

news-view-count-icon

17