ထိုင်းကာကွယ်ရေးဝန်ကြီး Natthapol က ကမ္ဘောဒီးယားက စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတာမရှိဘူးဆိုရင် တတိယအကြိမ် စစ်ပွဲဖြစ်နိုင်တယ်လို့ပြောပါတယ်။ ထိုင်းနိုင်ငံ အရှေ့ပိုင်းကို သွားရောက်် စစ်ဆေးရင်း Sa Kaeo နဲ့ Trat ဒေသအရောက်မှာ ပြညသူတွေနဲ့ တပ်ဖွဲ့တွေကို စိတ်ဓာတ်အားပေးမှု ပြုလုပ်ရင်း အခုလို ပြောခဲ့တာပါ။ထိုင်းနဲ့ ကမ္ဘောဒီးယားကြားမှာ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ တကယ်လို့ ကမ္ဘောဒီးယားဘက်က စည်းမျဥ်းတွေဖောက်လာမယ်ဆိုရင်တော့ စစ်ပွဲမဖြစ်နိုင်ဘူးဆိုတာမရှိဘူးလို့ပြောပါတယ်။



