ဆီနီဂေါဘောလုံးအဖွဲ့ချုပ်(FSF)ဥက္ကဋ္ဌ ပါပေကျောင်က အသင်းခေါင်းဆောင် မာနေအနေနဲ့ အခုပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံးအာဖရိကနိုင်ငံများဖလားပြိုင်ပွဲလို့ ပြောကြားခဲ့တဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ မျှော်လင့်နေပါတယ်။မာနေဟာ ဆီမီးဖိုင်နယ်မှာ အီဂျစ်အသင်းကို အနိုင်ရစေမယ့် တစ်လုံးတည်းသောဂိုး သွင်းယူကာ ဗိုလ်လုပွဲတက်စေပြီးနောက် အခုနှစ် အာဖရိကနိုင်ငံများဖလားက သူ့ရဲ့နောက်ဆုံးယှဉ်ပြိုင်မှုလို့ သတင်းထောက်တွေကို ဖွင့်ဟခဲ့ပါတယ်။''သူ့အနေနဲ့ သွေးပူနေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ကျွန်တော် ယူဆပါတယ်။ နိုင်ငံအနေနဲ့ သဘောမတူပါဘူး။ ကျွန်တော်သာ နိုင်ငံလက်ရွေးစင်အသင်းနည်းပြဆိုရင်လည်း သဘောမတူပါဘူး''လို့ ပါပေကျောင်က ပြောခဲ့ပါတယ်။မာနေဟာ ဆီနီဂေါအသင်းအတွက် ၁၂၃ ပွဲကစားကာ ဂိုးအများဆုံး ၅၂ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။၎င်းဟာ ဆီနီဂေါအသင်းနဲ့ ၂၀၂၁ အာဖရိကနိုင်ငံများဖလား ချန်ပီယံဆု ရယူခဲ့ပြီး ယနေ့မှာ ဒုတိယမြောက် ဖလားအိပ်မက်အတွက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
| 24 | 0 | 0 | 0 |


