back

အာဖရိကနိုင်ငံများဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ဆီနီဂေါ

Jan 19 • 2:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဖရိကနိုင်ငံများဖလားကို ဒုတိယအကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ ဆီနီဂေါ

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အိမ်ရှင် မော်ရိုကိုအသင်းကို အချိန်ပိုအနိုင်ဂိုးနဲ့အတူ ၁-၀ ဂိုးနဲ့နိုင်ပြီး ဒုတိယအကြိမ်မြောက် ဗို...

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အိမ်ရှင် မော်ရိုကိုအသင်းကို အချိန်ပိုအနိုင်ဂိုးနဲ့အတူ ၁-၀ ဂိုးနဲ့နိုင်ပြီး ဒုတိယအကြိမ်မြောက် ဗိုလ်စွဲခဲ့ပါတယ်။၉၀+၂ မိနစ်မှာ ဆီနီဂေါအသင်း သွင်းဂိုး ခွင့်ပြုမခံရဘဲ ၉၀+၆ မိနစ်မှာ အိမ်ရှင်အသင်းဘက်ကို ပယ်နယ်တီပါပေးခဲ့ရပါတယ်။ဆီနီဂေါအသင်းနည်းပြဖြစ်သူက ကစားသမားတွေကို ကွင်းထဲကထွက်ခိုင်းကာ အဝတ်အစားလဲခန်းထဲ ခေါ်ဆောင်သွားခဲ့ပြီး အသင်းခေါင်းဆောင် မာနေက ပွဲပြန်ကစားဖို့ စည်းရုံးခဲ့တာဖြစ်တယ်။ပယ်နယ်တီကို ၉၀+၁၄ မိနစ်ရောက်မှ ကန်ခဲ့ရပြီး ရာဟင်ဒီယက်ဇ်ရဲ့ Panenka ကန်ချက်ကို ဆီနီဂေါဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။အချိန်ပို မိနစ် ၃၀ ဆက်ကစားခဲ့ရပြီး ဆီနီဂေါအသင်းအတွက် ချန်ပီယံဖြစ်စေမယ့်ဂိုးကို လေးမိနစ်မှာ ပါပေဂေးယီက သွင်းယူပေးခဲ့တာပါ။ဆီနီဂေါအသင်းဟာ ၂၀၂၁ ပြိုင်ပွဲမှာလည်း ဗိုလ်စွဲထားခဲ့လို့ ဒုတိယအကြိမ် ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

news-view-count-icon

26