၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆောင်းရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။ဘားအံတက္ကသိုလ်၏ ဆောင်ရာသီအားကစားပြိုင်ပွဲအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ် စုစုပေါင်းအားကစားနည်း (၄) မျိုးတွင် ကျောင်းသား၊ ကျောင်းသူ ၃၉၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အပြီးတွင် ဘားအံတက္ကသိုလ်၏ ဆောင်းရာသီ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်သည့်အခမ်း အနားကို ဆက်လက်ကျင်းပခဲ့သည်။ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဘာသာရပ်ပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော သင်္ချာဘာသာရပ် အမျိုးသားဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Jan 19 • 1:36 AM
မြန်မာ
ကရင်
မျှဝေမည်
| 45 | 0 | 0 | 0 |


