မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ဘုရားကြီးတို-က် သူဌေးကျောင်းသို့ ဘိလပ်မြေအိတ် (၇၅) အိတ်၊ ရွှေရေးဆောင်ကျောင်းတိုက် အလယ်တိုက်ကြီး၊ သာသနာ့ဗိမာန်တော်ကြီးသို့ ဘိလပ်မြေအိတ် (၇၅) အိတ်၊ မြစ်သားမြို့၊ ဖောင်တော်ဦးဘုရားသို့ ဘိလပ်မြေအိတ် (၁၀၀) ၊ ရွှေမြင်းမျှော်စေတီသို့ ဘိလပ်မြေအိတ် (၁၀၀) ၊ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပီတိသုခချောင် သီလရှင်ကျောင်းတိုက်သို့ ဘိလပ်မြေအိတ် (၂၀၀) တို့ကိုလှူဒါန်းခဲ့ကြောင်း သိရသည်။ဘိလပ်မြေအိတ်များနှင့်အတူ ဆန်အိတ်များ၊ မုန့်များနှင့် ဓာတ်ဆားထုတ်များကိုလည်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။ကမ္ဘောဇစင်တာ (မန္တလေး) သည် ဇွန် ၁၀ ရက်မှစ၍ မန္တ လေးငလျင်ကြီးဒ-ဏ်ကြောင့် မန္တလေးမြို့ရှိ ပြိုကျပျ-က်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအပါအဝင် ဘာသာရေးအဆောက်အဦးများ နေရာပေါင်း (၃၀) ကျော်သို့ ဘိလပ်မြေအိတ် (၁၁,၅၅၀) ကျော်နှင့် ဆန်အိတ် (၃,၈၅၉) အိတ်ကျော်တို့ကိုလှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။



