စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ IBEC ဗုဒ္ဓတက္ကသိုလ်၏ တတိယကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၈ ရက်နံနက် ၈ နာရီခွဲက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ သီတဂူဆရာတော်ကြီးကြွရောက်တော်မူခဲ့ကြောင်း သိရသည်။ထို့နောက် သီတဂူဆရာတော်ကြီးမှ ဗုဒ္ဓဒေသနာ မဟာဝိ ဇ္ဇာ(MA)ဘွဲ့ရ(၁၇)ပါး ၊ ဗုဒ္ဓဒေသနာ ဝိဇ္ဇာ(BA)ဘွဲ့ရ(၁၆) ပါး၊ သာသနာ့နုဂ္ဂဟ ဓမ္မာစရိယဘွဲ့(၁)ပါး၊ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့(၄)ပါး၊ အင်္ဂလိပ်စာသင်တန်းဆင်းလက် မှတ်ရရှိသူ(၂၂)တို့ဦး ဘွဲ့လက်မှတ်များနှင့် သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။



