back

အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ ပတ်စ်ပို့၊ OWIC ကတ်နဲ့ ပြည်ပထွက်ခွာခွင့် မပြု

Jan 18 • 2:24 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ ပတ်စ်ပို့၊ OWIC ကတ်နဲ့ ပြည်ပထွက်ခွာခွင့် မပြု

အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ (အလုပ်နိုင်ငံကူးလက်မှတ်)၊ OWIC (အလုပ်သမား သက်သေခံကတ်) နဲ့ ပြည်ပထွက်ခွာခွင့် မပြုတော့ဘူးလို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန...

အလုပ်ဗီဇာနဲ့ ပါမစ်မရှိပါက PJ (အလုပ်နိုင်ငံကူးလက်မှတ်)၊ OWIC (အလုပ်သမား သက်သေခံကတ်) နဲ့ ပြည်ပထွက်ခွာခွင့် မပြုတော့ဘူးလို့ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက မနေ့ ဇန်နဝါရီ ၁၇ ရက်မှာ အသိပေးထားပါတယ်။ဒါကြောင့် အလည်၊ ဘုရားဖူး၊ ဆေးကုသဖို့အတွက် ပြည်ပ ထွက်ခွာမယ့်သူတွေ အနေနဲ့ PJ (အလုပ်နိုင်ငံကူးလက်မှတ်) အစား PV (အလည်အပတ် နိုင်ငံကူးလက်မှတ်) ပြောင်းလဲ ကိုင်ဆောင်ကြဖို့ ဌာနဆိုင်ရာက အကြံပြုထားပါတယ်။လက်ရှိမှာလည်း အသက် ၃၅ နှစ်အောက် လူငယ်တွေ PJ ကနေ PV ပတ်စ်ပို့ ပြောင်းလဲခွင့်ကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ရုတ်တရက် ရပ်ဆိုင်းထားတာ ပြန်မဖွင့်သေးဘူးလို့ သူက ပြောပါတယ်။ဒါအပြင် နိုင်ငံကူးလက်မှတ် PJ နဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားတဲ့ အလုပ်သမားတွေ အနေနဲ့ ပြည်တွင်းကို ပြန်လည်ဝင်ရောက်ပါက အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ဆိုက်ရောက်ကောင်တာမှာ ရောက်ရှိကြောင်း သတင်းပို့ခဲ့မှသာ ပြည်ပပြန်လည် ထွက်ခွင့်ပြုမယ်လို့ အလုပ်သမား ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။ဒါအပြင် အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ပြည်ပနိုင်ငံတွေဆီ သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမားတွေနဲ့ ခွင့်ပြန် အလုပ်သမားတွေကို အလုပ်သမား ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်စာရင်းမှာ ပါမှသာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာခွင့်ပြုမယ်လို့ ကြေညာထားပါတယ်။ဒါကြောင့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ PJ နဲ့ ပြည်ပထွက်ခွာမယ့်သူတွေ အားလုံး ရန်ကုန်လေဆိပ်ကနေ လှည့်ပြန်ခဲ့ရတယ်လို့ သိရပြီး အဲဒီနောက်ပိုင်းမှာလည်း PV နဲ့ ပြည်ပထွက်ခွာမယ့် သူတွေပါ လေယာဉ်ပေါ်တက်ခွင့်မရဘဲ လှည့်ပြန်နေရတယ်လို့ သိရပါတယ်။



news-view-count-icon

24