Myanmar National League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-13) နောက်ဆုံးလက်ကျန်ပွဲစဉ်ဖြစ်သည့် ဒဂုံပေါ့အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့၏ ပွဲစဉ်၏ AYA Pay Man of The Match အကောင်းဆုံးကစားသမားဆုကို မဟာယူနိုက်တက်တိုက်စစ်မှူး သက်နိုင်က ရရှိခဲ့သည်။ AYA Pay အကောင်းဆုံးကစားသမားဆုအတွက် ဆုတံဆိပ်နှင့် ဆုငွေကျပ် သုံးသိန်းကို အာရှလက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်ဂိုးသမားဟောင်းကြီး ဦးတင်အောင် (ဂိုး)က ချီးမြှင့်ပေးခဲ့သည်။



