မော်လမြိုင်မြို့ လှိုင်နယ်မြေ အုတ်ဖိုလမ်း ကွက်သစ်အိမ်ရာစီမံကိန်းတွင် ယနေ့ ဇန်နဝါရီ ၁၈ ရက် မနက် ၇ နာရီဝန်းကျင်က အလောင်းကို ရပ်ကွက်နေပြည်သူတွေက တွေ့ရှိခဲ့တဲ့ အတွက် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေး အဖွဲ့ အသင်းရုံးထံသို့ ဖုန်းဆက်အကြောင်းကြားလာသဖြင့် သွားရောက်ကူညီ ပေးခဲ့ကြပါတယ်။သေဆုံးသူ အမျိုးသားအလောင်း ခန္ဓာကိုယ်ကို စစ်ဆေးရာတွင် လည်ပင်း ဓားဖြင့်လှီးခံထိခံထားရတဲ့ ပြတ်ရှ ဒါဏ်ရာ ဦးခေါင်း မျက်နှာနှင့်နားထင်တွင် မာကျောသောအရာတစ်ခုနှင့် ရိုက်ခံထိထားသောဒါဏ်ရာများ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။



