back

ကော့သောင်း-ရနောင်း ပြေးဆွဲနေသော ပဲ့ချိတ်လှေများအပေါ် ထိုင်းဘက်က ငွေတောင်းခံမှုများပြားသဖြင့် မြန်မာပဲ့ချိတ်လှေများ သုံးရက်ရပ်နားခဲ့ပြီးနောက် ပြန်လည်ပြေးဆွဲ

Jan 18 • 2:20 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကော့သောင်း-ရနောင်း ပြေးဆွဲနေသော ပဲ့ချိတ်လှေများအပေါ် ထိုင်းဘက်က ငွေတောင်းခံမှုများပြားသဖြင့် မြန်မာပဲ့ချိတ်လှေများ သုံးရက်ရပ်နားခဲ့ပြီးနောက် ပြန်လည်ပြေးဆွဲ

မြန်မာနိုင်ငံ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အသွားအပြန်ပြေးဆွဲပေးနေသည့် ပဲ့ချိတ်လှေများမှာ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်ပြေးဆွဲပေးခ...

မြန်မာနိုင်ငံ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ အသွားအပြန်ပြေးဆွဲပေးနေသည့် ပဲ့ချိတ်လှေများမှာ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့ဝင်များက မြန်မာခရီးသွားများအပေါ် စပေါ်ငွေအလွန်အကျွံတောင်းခံခြင်း၊ အချိန်ကြာမြင့်စွာ စစ်ဆေးခြင်း၊ ပဲ့ချိတ်သမားများကို ဆီးစစ်ရာတွင် ဆေးကျသည်ဟု အကြောင်းပြကာ ထိုင်းဘတ်ငွေသောင်းနှင့်ချီကာ တောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ဖြစ်ပြီးနောက် ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများက တွေ့ဆုံနိုင်ရန် ကမ်းလှမ်းထားသော်လည်း ဝန်ကြီးချုပ်ခရီးစဉ်ရှိနေသည့်အတွက် အကြောင်းမပြန်သေးကြောင်းဌာန ဆိုင်ရာနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ကော့သောင်းမြို့တွင် ထိုင်းနိုင်ငံရနောင်းမြို့သို့ ပြေးဆွဲပေးနေသည့်ခရီးသည်တင်ပဲ့ ချိတ်လှေ ၆၀ ကျော်ရှိပြီး နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်လျှောက်ထားကာ သွားလာခွင့်ပေးထားကြောင်း သိရသည်။

 



news-view-count-icon

19