ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ အချို့ဆေးရုံများတွင် သွေးပွဲစားအချို့က သွေးအလှူခံပြီးနောက် သွေးတစ်လုံးကို တစ်သိန်းမှ နှစ်သိန်းဝန်းကျင်အထိ ပြန်လည်ရောင်းစားနေသည်။ထို့ပြင် သွေးတစ်လုံးကို တစ်သိန်းမှ နှစ်သိန်းအထိ ဈေးနှုန်းဖြင့် ရောင်းစားနေသည့် သွေးပွဲစားများသည် တစ်ရက်လျှင် လေးငါးသိန်းမှ ခြောက်သိန်းအထိ ဝင်ငွေ ရရှိနေပြီး ငွေကြေးအကျိုးအမြတ် အလွန်ကောင်းမွန်နေကြောင်းဆိုသည်။သွေးလှူရှင်များအနေဖြင့် သွေးလှူဒါန်းရာတွင် တရားဝင် သွေးအလှူရှင်အသင်းများမှတဆင့်သာ လှူဒါန်းကြရန် သတိပြုသင့်ကြောင်းလည်း သတိပေးထားသည်။ထို့အပြင် သွေးရောင်းစားမှုများကို ဆောင်ရွက်ရာတွင် ဆေးရုံများရှိ ဓာတ်ခွဲခန်းဝန်ထမ်းအချို့ကို လာဘ်ထိုးကာ ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း စုံစမ်းသိရသည်။



