back

ဖဒိုမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

Jan 18 • 2:18 PM

breaking-news

မြန်မာ

ကယား

cover

ဖဒိုမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ဖဒိုမြို့၏ (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီလ ၁၈ရက်နေ့နံနက်ပိုင်းက နှစ်စဥ်ကျင...

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ် ဖဒိုမြို့၏ (၆၂) ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီလ ၁၈ရက်နေ့နံနက်ပိုင်းက နှစ်စဥ်ကျင်းပသော ဖဒိုမြို့ ဘိုးပိုက်ဆံ ၃ ရပ်ကွက်ရှိ အားကစားကွင်း၌ ယဥ်ကျေးမှု ဓလေ့ထုံးတမ်း အစဥ်အလာများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည် ။အဆိုပါအခမ်းအနားသို့ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ကျောက်တံခါးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ လူမျိုးစုခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေး လူမူရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများမှ တစ်ခဲနက်တက်ရောက်အားပေးခဲ့ကြပြီး ယခုပွဲတော်အား နှစ်စဥ်မပြတ်ကျင်းပပြုလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှစ၍ ကိုဗစ်ရောဂါအခြေအနေများကြောင့်ဓလေ့ထုံးစံများအတိုင်း ရိုးရာမပြတ် အကျဥ်းရုံးကျင်းပပြုလုပ်ခဲ့ရပြီး ယခုနှစ်မှပွဲတော်ပြုလုပ်၍ စည်ကားသိုက်မြိုက်စွာပြန်လည် ကျင်းပနိုင်ခြင်းဖြစ်သည် ။



news-view-count-icon

58