ထိုင်း - မြန်မာနယ်စပ် မြို့ဖြစ်တဲ့ ကယားပြည်နယ်၊ ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မယ်စဲ့ အကျဥ်းထောင်ကနေ ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မနက်၊ အစောပိုင်း ၁ နာရီလောက်က အကျဥ်းသား ၈၀ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ် ။အကျဥ်းသားတွေနဲ့အတူ သေနတ် ကိုးလက်လည်း ပါသွားပြီး လွတ်မြောက်သွားတဲ့ အကျဥ်းသားတွေကတော့ တိုက်ပွဲအကြားမှာ ဖမ်းဆီးရမိခဲ့တဲ့ အစိုးရတပ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရှိ ရပါတယ်။ လွတ်မြောက် ထွက်ပြေးသွားတဲ့ အကျဥ်းသားတွေ နဲ့ပတ်သက်ပြီး အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိရေး အပါအဝင် လုံခြုံရေးပိုင်းဆိုင်ရာ အစီစဥ်တွေလည်း ချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



