back

လာမယ့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလကမ္ဘာပေါ် လူသားများ ၁၀ ရက်တာသွားမည့်စီမံကိန်း NASA စတင်

Jan 18 • 8:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

လာမယ့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာလကမ္ဘာပေါ် လူသားများ ၁၀ ရက်တာသွားမည့်စီမံကိန်း NASA စတင်

လာမယ့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နာဆာ (NASA) အာကာသအဖွဲအစည်းက ၁၉၇၀ နောက်ပိုင်း လပေါ်ကို လူတွေပြန်သွားမယ့် စီမံကိန်းရဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုကို စတ...

လာမယ့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ နာဆာ (NASA) အာကာသအဖွဲအစည်းက ၁၉၇၀ နောက်ပိုင်း လပေါ်ကို လူတွေပြန်သွားမယ့် စီမံကိန်းရဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုကို စတင်တော့မှာ ဖြစ်တယ်လို Reuters သတင်းမှာဖော်ပြထားပါတယ်။ ဒီအစီအစဉ်မှာ အာကာသယာဉ်မှူး လေးဦး လိုက်ပါစီးနင်းပြီး လမျက်နှာပြင်ကို တစ်ပတ်ပတ်မယ့် ခရီးစဉ်ကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ဒီစီမံကိန်းကိုတော့ "Artemis 2 " လို အမည်ပေးထားပြီး ဒါဟာ လပေါ်မှာ လူသားတွေ ရေရှည်အခြေချ နေထိုင်နိုင်ဖိုအတွက် ဆောင်ရွက်မယ့် ရှေ့ပြေးစီမံကိန်းတစ်ခု ဖြစ်ပါတယ်။(Artemis 1 စီမံကိန်းကိုတော့ ၂၀၂၂ ခုနှစ်က လုပ်ဆောင်ခဲ့ပြီး လူတွေမပါပဲ စက်ကိရိယာတွေချည်းသီးသန့် လွှတ်တင်ခဲ့ပြီး အောင်မြင်ခဲ့ပါတယိ။)အခု Artemis 2 ခရီးစဉ်မှာ လိုက်ပါမယ့် အာကာသယာဉ်မှူး လေးဦးကတော့ Reid Wiseman, Victor Glover, Christina Koch နဲ့ ကနေဒါအာကာသအေဂျင်စီက Jeremy Hansen တို ့ပဲ ဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ Christina Koch ဟာ လကမ္ဘာဆီကို ကမ္ဘာ့ ပထမဆုံး သွားရောက်ခွင့်ရတဲ့ အမျိုးသမီးအာကာသယာဉ်မှူး ဖြစ်လာမှာဖြစ်သလို၊ Victor Glover ကလည်း ပထမဆုံးသော လူမည်းအာကာသယာဉ်မှူး အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူတော့မှာဖြစ်ပါတယ်။ဒီစီမံကိန်းဟာ လပေါ်ကို တိုက်ရိုက်ဆင်းသက်မှာ မဟုတ်သေးပေမဲ့ လူသားတွေ အာကာသထဲကို ဘယ်လောက်အထိ စူးစမ်းလေ့လာနိုင်မလည်းဆိုတာကို အဆုံးအဖြတ်ပေးမယ့် စီမံကိန်းတစ်ခုလည်းဖြစ်လာပါတယ်။Mission ရဲ့ ကြာမြင့်ချိန်ကတော့ ၁၀ရက် ဖြစ်ပါတယ်။


news-view-count-icon

30