ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တပို့တွဲလ မြန်မာ့ရိုးရာထမနဲပွဲတော်ကြီးကို ဇန်နဝါရီ ၃၁ ရက် (အဖိတ်နေ့) ညနေ ၃ နာရီမှစတင်ကာ အရှေ့ဘက်မုခ်ရှိ ထန်းပင်ကုန်းကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး၊ အလှူရှင်များအနေဖြင့် တစ်ဒယ်လျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ပါဝင်လှူဒါန်းနိုင်ကာ လှူဒါန်းသူများကို ထမနဲလေးပုံတစ်ပုံ လက်ဆောင်ပြန်လည်ပေးအပ်မည့်အပြင် တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ ၁ ရက်) နံနက် ၅ နာရီတွင်လည်း စေတီတော်ကြီးသို့ ဆွမ်းတော်ကြီး၊ ထမနဲနှင့် သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ထံမှ သိရှိရပါသည်။
Jan 18 • 8:38 AM
မြန်မာ
ကချင်
မျှဝေမည်
| 27 | 0 | 0 | 0 |


