အခေါက်ရွှေတစ်ကျပ်သား သိန်း ၁၀၀ နီးပါးအထိ မြင့်တက်လာခြင်းကြောင့် ရွှေဆိုင်အချို့ အရောင်းအဝယ်ရပ်ထားကြောင်း ရွှေဆိုင်များမှ စုံစမ်းသိရှိရသည်။ယနေ့ ဈေးကွက်ထဲတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၄,၀၇၀ ပေါက်ဈေးရှိနေသကဲ့သို့ ကမ္ဘာ့ရွှေဈေးသည်လည်း တစ်အောင်စလျှင် ၄,၅၉၆ ဒေါ်လာဝန်းကျင် ရှိနေကာ ပြည်တွင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ် (၉,၈၇၀,၀၀၀) သိန်းစျေးဝန်းကျင်အထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။အဆိုပါ ရွှေဈေးနှုန်းသည် သမိုင်းတလျှောက်စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဆိုင်အချို့ အရောင်းအဝယ်ရပ်နားထားရခြင်းဖြစ်သည်။



