back

ရန်ကုန်က ရေအခက်အခဲကြုံသည့်နေရာများသို့ မီးသတ်နှင့် ပရဟိတအဖွဲ့များက ရေလှူဒါန်း

Jan 18 • 7:44 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်က ရေအခက်အခဲကြုံသည့်နေရာများသို့ မီးသတ်နှင့် ပရဟိတအဖွဲ့များက ရေလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ လှော်ကားရေပိုက်လိုင်း ဇန်နဝါရီ ၁၆ ရက်က ပျက်စီးသွားသဖြင့် ရေပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသော ဒေသခံများအတွက် မီးသတ်တပ်...

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ လှော်ကားရေပိုက်လိုင်း ဇန်နဝါရီ ၁၆ ရက်က ပျက်စီးသွားသဖြင့် ရေပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသော ဒေသခံများအတွက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအသင်းများက ဇန်နဝါရီ ၁၇ ရက်မှစတင်ကာ ရေအခမဲ့လိုက်လံဖြန့်ဝေလှူဒါန်းပေးလျက်ရှိသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အဆိုပါပိုက်လိုင်းပျက်စီးမှုကို အရေးပေါ်ပြုပြင်နေပြီး သုံးရက်ခန့် ရေပြတ်တောက်နိုင်ကြောင်း အသိပေးထားသည့်အတွက် ရေအခက်အခဲကြုံတွေ့ရသည့် နေရာများအနေဖြင့် ပရဟိတအဖွဲ့များထံ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။ လတ်တလောတွင် မီးသတ်ရေသယ်ယာဉ်များနှင့် ပရဟိတယာဉ်များက ရေလိုအပ်ချက်ရှိသည့် ရပ်ကွက်များသို့ အလှည့်ကျသွားရောက် လှူဒါန်းပေးနေပြီး ရေပေးဝေမှု ပုံမှန်ပြန်ဖြစ်စေရန် စည်ပင်အင်ဂျင်နဝါရီဌာနက ဆက်လက်ကြိုးပမ်းဆောင်ရွက်နေပါသည်။

news-view-count-icon

34